IT BANK 1.0 APK

IT နည်းပညာကို လိုက်စားနေတဲ့လူတန်းစားတွေအတွက်ကတော့ အဖိုးတန်
တဲ့ Android Mobile Apk တစ်ခုဖြစ်တဲ့ IT Bank(Tech Knowledge) ဆိုတဲ့App လေးနဲ့ မိတ်ဆက်ပေးပါ့ရစေဗျာ။ဒီ IT Bank(Tech Knowledge) Appလေးဟာဆိုရင် နည်းပညာဦးစားပေး App ဖြစ်တဲ့ အတွက် နည်းပညာနဲ့ပတ်သတ်တဲ့
သတင်းတွေကိုပဲ သီးသန့်စဉ်ဆက်မပြတ်လေ့လာနေတဲ့ လူကြီးတွေကောလူငယ်လေးတွေကော အလွန်အသုံးတည့်မဲ့ App ဖြစ်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်မိပါတယ်။ဒီ App လေးထဲမှာ ပါဝင်တဲ့ နည်းပညာ List တွေဟာဆိုရင်အချိန်နဲ့ တပြေးညီ Up To Date ဖြစ်ပြီး
အသုံးတည့် နည်းပညာဆိုင်ရာ သတင်း၊PC/Android/iOS တို့ရဲ့ Software၊Application၊ Game၊ Tutorials၊ Mobile နဲ့ပတ်သတ်ပြီး အစရှိတဲ့ပြည်တွင်းပြည်ပမှာရှိတဲ့ ဗဟုသုတ ရစရာ Web Page လေးတွေကိုမှရွေးချယ်ပြီး ပြုလုပ်ပေးထားတာဖြစ်လို့
မိတ်ဆွေများ ကြိုက်နှစ်သက်လိမ့်မယ်လို့ မျှော်လင့်မိပါတယ်။ITBank(Tech Knowledge) App လေးကိုအသုံးပြုဖို့ဆိုရင်တော့မိတ်ဆွေတို့ရဲ့ Android Mobile Phone Internet ကို 5မိနစ်လောက်ဖွင့်ပေးပြီး (နည်းပညာသတင်းအသစ်များရယူရန်) ဆိုတဲ့ Tabလေးကိုနှိပ်ပြီးစောင့်နေလိုက်ပါ။
သတင်းတွေ ၀င်လာပါလိမ့်မယ်။Post အသစ်တွေဝင်လာပြီဆိုတာနဲ့ Internetပိတ်ပြီး Offline Mode အနေနဲ့ ဖတ်ရှူ့လို့ရမှာဖြစ်ပါတယ်။(Live) ဆိုတဲ့Tabs တွေမှာတော့ Online Stream တွေဖြစ်တဲ့အတွက် Offline Modeအနေနဲ့ဖတ်လို့မရပါဘူး။
အဲ့ဒီ Tabs တွေက သတင်းတွေဖတ်ချင်တယ်ဆိုရင်တော့ မိမိတို့ရဲ့ MobileInternet ကိုဖွင့်ပြီးမှ ဖတ်လို့ရမှာဖြစ်ပါတယ်။မှတ်ချက် အနေနဲ့သတိပေးချင်တာကတော့ Zawgyi Fonts သုံး Android Smartphoneတော်တော်များများနဲ့ Zawgyi Fonts နဲ့ရေးထားတဲ့ Web Page က Postတွေမှာတော့
မြန်မာဖောင့်ကို အဆင်ပြေမှန်ကန်စွာဖတ်ရှူ့နိုင်ပါတယ်။Unicodeအသုံးပြုထားတဲ့ Web Page ကလာတဲ့ Post တွေဆိုရင်တော့ Mobile Phone ရဲ့Menu Bar ကနေ Share ကိုနှိပ်ကာ မိမိ Android ဖုန်းမှာရှိတဲ့ GoogleChrome, Mozilla Firefox, CM Browser, Next Browser, UC Browserတို့ကို အသုံးပြုကာ ဖတ်ရှူ့နိုင်ပါတယ်။
အသုံးဝင်တဲ့ Tutorials Web Page က Post တွေလိုချင်ရင်တော့ မိမိAndroid ဖုန်းရဲ့ Power Buttom+Volume Down ကိုနှိပ်ကာ Screen Shootရိုက်ယူ၍ သိမ်းဆည်းနိုင်ပါတယ်။Android ပေါ်က Browser တစ်ခုခုပေါ်ကကိုယ်နှစ်သက်တဲ့ Web Page တွေကို Pdf File အနေနဲ့Save လုပ်ပြီးသိမ်းထားချင်တယ်ဆိုရင်တော့ Web To Pdf ဆိုတဲ့ Android Apk Fileလေးကို
အောက်က Link ကနေ Download ရယူပြီး အသုံးပြုနိုင်ပါတယ်။တစ်ခုပြောဖို့ကျန်သေးတာကတော့ မိမိဖုန်းထဲမှာလဲ Adobe Reader,Moon Readerဆိုတဲ့ Pdf Reader Software လဲ Install ရှိထားရမှာဖြစ်တဲ့ အတွက်အောက်က Download Link မှာလဲ သွားရောက် Downloadရယူအသုံးပြုနိုင်ပါတယ်။
IT Bank(Tech Knowledge) Android App လေးကို မိတ်ဆွေများအနေနဲ့အသုံးပြုရတာ နှစ်သက်သဘောကျမယ်ဆိုရင်တော့ ကျွန်တော်နဲ့အတူ Iconတွေကိုကူညီပြီး Design ဆွဲပေးခဲ့တဲ့ ကိုရဲရင့်လဲ အပင်ပန်းခံအချိန်ကုန်ခံ မျက်လုံးအညောင်းခံရကျိုးနပ်ပါတယ်။ဒီ IT Bank(TechKnowledge) App လေးဟာဆိုရင် Beta Version ဖြစ်တဲ့အတွက်လိုအပ်ချက်များရှိနေသေးခဲ့ရင်
welcometoitbank@gmail.com ကို Mail ပို့ပြီးဆက်သွယ်နိုင်ပါတယ်ဗျာ။

Adobe Reader Apk Download - http://goo.gl/gfchTH
Web To PDF Apk Download - http://goo.gl/NBz80V

IT Bank App လေးဟာ Beta Version ဖြစ်ပြီးလိုအပ်ချက်များရှိနေသေးတဲ့အတွက် အသုံးပြုသူများ အဆင်မပြေတာတစ်ချို့များရှိနေခဲ့ရင် Mail ပို့ပြီးအကြံပေးနိုင်ပါတယ်။အသုံးပြုရတာမိတ်ဆွေတို့အတွက် အဆင်ပြေခဲ့မယ် အသုံးတည့်ခဲ့မယ်ဆိုရင်တော့ကျွန်တော်တို့ စေတနာကို အသိအမှတ်ပြုတဲ့ အနေနဲ့ ဖုန်းငွေဖြည့်ကဒ်များလဲလှူဒါန်းနိုင်ပါတယ်။
IT Bank(Tech Knowledge)
Contact Us
www.welcometoitbank.blogspot.com
welcometoitbank@gmail.com
+95 9254047550 (MPT)

App Information