MM Software Development برنامه ها
Myanmar Microblog ထွေရာလေးပါး 0.0.03
ရည်ရွယ်ချက်=========* အင်တာနက် ချိတ်ထားသော ဖုန်းမှတဆင့် အခြား အင်တာနက်အသုံးပြုသူများနှင့် ဆက်သွယ်ပြောဆိုနိုင်သော လွတ်လပ်သည့်ကွန်ရက်တစ်ခုဖြစ်လာစေရန် ရည်ရွယ်ပါသည်။* ယခုလက်ရှိ အသုံးများနေသော အင်တာနက်ပေါ်ရှိ ကွန်ယက်အများစုမှာအကောင့်ဖွင့်ရန်လိုပြီး တစ်ယောက်နှင့် တစ်ယောက်သူငယ်ချင်းအဖြစ် အသိအမှတ်ပြုပြီးမှ ပြောဆို ဆက်သွယ်လို့ရသည်ဟု ထင်ရသည်။ သို့သော် မိမိတင်ထားသော စာများကို ဘယ်သူတွေတကယ်မြင်ပြီး ဘယ်သူတင်ထားတာတွေ ကိုယ်မြင်ရတယ်ဆိုတာဝေခွဲရခက်လှပါတယ်။ အခု ထွေရာလေးပါး မှာတော့ အကောင့်ဖွင့်စရာလဲမလိုဘူး။ သူငယ်ချင်း ဖြစ်စရာလဲ မလိုဘူး။ Like ဖို့လဲမလိုဘူး။ ပြောချင်တာပြော။ မေးချင်တာမေး။ ဖြေချင်ရင်ဖြေ။မှတ်ချက်ချချင်ရင်ချ။ လူတိုင်းရေးသမျှလူတိုင်းတွေ့နိုင်တယ်။ အားလုံးလွတ်လွတ်လပ်လပ်ပဲ။အသုံးပြုနည်း=========* ရင်ဖွင့်သံများထဲမှာ မိမိပြောလိုတာတွေ ပြောလို့ ရပါတယ်။ကိုယ့်ပါတ်ဝန်းကျင်မှာ နားထောင်မဲ့သူမရှိရင် သို့မဟုတ်လူတိုင်းကြားသိနိုင်အောင် ပြောချင်ရင် ပြောဖို့ပါ။ ကိုယ်လိုအတွေးအခေါ်တူတဲ့သူတွေ အသွားအပြန် စကားပြောလို့လဲရသွားတာပေါ့။* မေးချင်ရာမေး ကတော့ တကယ့်ကို မေးချင်ရာမေးပါပဲ။ အင်တာနက်ကဆက်သွယ်လိုက်ရင် မိမိနဲ့ ချိတ်ဆက်နေတဲ့သူတွေ အများကြီးပါ။ကိုယ်သိချင်တာတွေကို အဖြေရှာမရတဲ့အခါ မေးချင်ရာမေး ထဲမှာမေးလိုက်ရင် အဖြေသိတဲ့သူ တစ်ယောက် နှစ်ယောက်လောက် ဆီတော့ပေါက်ရောက်သွားနိုင်ပါတယ်။ ထို့အပြင် အခြား ကိုယ်လို လူတွေလဲအဖြေသိသွားတာပေါ့။* သတင်းတွေ တင်ပြီး မှတ်ချက်ပေး ဆွေးနွေးလို့ ရအောင်လဲစီစဉ်ပေးထားပါတယ်။* အလုပ်ကြော်ငြာများကို သတင်းစာထဲထည့်သလို ထည့်လို့ ရအောင်လုပ်ထားပါတယ်။ သတင်းစာကြော်ငြာထက် သာတဲ့အချက်ကတော့မှတ်ချက်ရေးဆွေးနွေး နိုင်ခြင်းပါပဲ။* ကုန်စည်နှင့် စီးပွားရေးလုပ်ငန်းများ အတွက်လည်းအရောင်းအဝယ် ကြော်ငြာ ထဲ့လို့ ရပါတယ်။ ရောင်းချင်တာရှိပြီးဝယ်သူရှာလိုသူများနှင့် ဝယ်ချင်တာရှိပြီးရောင်းသူရှာချင်သူများအတွက် အဆက်အသွယ်လုပ်လို့ ရပါတယ်။ရောင်းသူ နှင့် ဝယ်သူ သေသေချာချာ ဆက်သွယ်ပြီး ယုံကြည်ရမှအပေးအယူလုပ်စေလိုပါတယ်။မှတ်ချက်======* အဓိက သတိထားရမဲ့အချက်ကတော့ Freedom of Speech(လွတ်လပ်စွာပြောဆိုခွင့်) ဆိုတာ အခြားဘယ်သူတစ်ဦးတစ်ယောက်ကိုမျှ ထိခိုက်နစ်နာအောင် လုပ်လို့မရဘူးဆိုတာပါပဲ။ နောက်တစ်ခုကတော့ မိမိရေးသမျှတင်သမျှကိုဘယ်သူမဆိုတွေ့နိုင်တာဖြစ်လို့ သူများတွေကို မသိလိုတဲ့အရာတွေကိုမရေးတင်ဖို့ သတိပြုစေလိုပါတယ်။ အင်တာနက်ပေါ်မှ စာသားများသည်အမှန်ဖြစ်နိုင်သလို လိမ်ညာမှုတွေလဲ ဖြစ်နိုင်ပါသည်။အကောင့်ဖွင့်စရာမလို ဘယ်သူဘယ်ဝါမှန်း ပြောစရာမလိုတဲ့အတွက်လူယောင်ဆောင် လူလိမ်တွေလဲ ရှိနိုင်ပါတယ်။ အထူးသတိထားကြပါ။